ဘိုကလေးမြို့နယ်တွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ဘိုကလေး ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အားကစားခန်းမတွင် ဖေဖော်ဝါရီ (၉)ရက်နေ့မှစတင်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း(ဖိတ်ခေါ်)ပြိုင်ပွဲကျင်းပရာ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နေ့လယ်(၂)နာရီအချိန်တွင် ဆုပေးပွဲအခမ်းအနား ကျင်းပသည်။

ဆုပေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အသင်း(၉)သင်းမှ အားကစားသမားများ၊ အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပထမဆုရရှိသည့် Makkabiအသင်း၊ ဒုတိယဆုရရှိသည့် သံချောင်းလေးအသင်း၊ တတိယဆုရရှိသည့် ဂေါ်ဇီလာအသင်း၊ စတုတ္ထဆုရရှိသည့် One Thant Zin အသင်းတို့အား ဆုအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)