မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများကို မကွေးတိုင်းဒေသကြီး အတွင်းရှိ ချောက်၊ ကံမ၊ အောင်လံ၊ မင်းလှ၊ မြိုင်၊ နတ်မောက်၊ ငဖဲ၊ ပခုက္ကူ၊ ပေါက်၊ စလင်း၊ စေတုတ္တရာ၊ ဆိပ်ဖြူ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ သရက်၊ ရေနံချောင်း၊ ပွင့်ဖြူအစရှိသည့်မြို့များတွင် ကျင်းပပြုလုပ်ကြရာ ခရိုင်/မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

တောင်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ အသိပညာပေးရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၆)ရပ်ကွက် ကေတုမတီလမ်းသီရိမြန်မာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲရိုးရာမပြတ်ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် တည်ထားကိုးကွယ်သော သမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါကောင်းမှုလုံစေတီတော်ရင်ပြင်၌ ရိုးရာမပြတ်ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ မြစ်သား၊ ငါန်းဇွန်၊ ညောင်ဦး၊ ပုသိမ်ကြီး၊ စဉ့်ကိုင်၊ သာစည်၊ ရမည်းသင်း၊ တောင်သာ အစရှိသည့်မြို့များတွင် ကျင်းပပြုလုပ်ကြရာ ခရိုင်/မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့ဦးကွက်သစ်ရပ်ကွက်ရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်အတွင်းရှိ မြို့များတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများကို မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံ၊ ဘီးလင်း၊ ကျိုက်ထို၊ မုဒုံ၊ ပေါင်၊ သထုံ၊ သံဖြူဇရပ် အစရှိသည့်မြို့များတွင် ကျင်းပပြုလုပ်ကြရာ ခရိုင်/မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

မိုးညှင်းမြို့၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့များတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လယ်ဝေး၊ ဥတ္တရသီရိ၊ ပုပ္ပသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ အစရှိသည့်မြို့များတွင် ကျင်းပပြုလုပ်ကြရာ ခရိုင်/မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အလှပ်(ရွာသစ်)ကျေးရွာ ကတ္တရာထပ်ပိုးလွှာလမ်း(၂၄၀၀)ပေဖွင့်ပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ်(၉၁.၈)သန်းဖြင့် အလှပ်(ရွာသစ်)ကျေးရွာ ကတ္တရာထပ်ပိုးလွှာလမ်း အရှည်(၂၄၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၃)လက်မဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါလမ်း၌ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ‌ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက အ.ထ.က(ပေါင်)ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to