ခိုလမ် ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) ရပ်ကွက်၊ ရွှေစေတီဘုရားဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အပျော်တန်းအားကစားပြိုင်ပွဲများတွင် ရေလျောပြိုင်ပွဲ၊ သံပုံးရိုက်၊ ချောတိုင်တက်ပြိုင်ပွဲ၊ ဆုဖလားပြိုင်ပွဲများတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲများကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူငယ်လူရွယ်များ၊ ကျောင်းသား/ကျောင်းသူများ ပျော်ပျော်ရွှင်ရွှင် ဝင်ရောက်ကစားခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုရရှိသူများအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)