ကော့ကရိတ်မြို့၌ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်တိုက်မှုများ လျော့နည်းပပျောက်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၈)နာရီအချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မြို့မ‌ဈေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများအား ဖေဖော်ဝါရီ(၆)ရက်နေ့မှ(၁၂)ရက်နေ့အထိ တစ်ပတ်တာ ကျင်းပဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်တွင် အဆိုပါကောလိပ်၊ အားကစားခန်းမ၌ ဆုချီးမြှင့်ပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် သဘာဝအတိုင်း ပေါက်ရောက်သည့် လာကုတီဉများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော  နှစ်ရှည်ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအချိန်တွင် ရာသီထွက်သီးနှံများ ရှာပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် သဘာအတိုင်းပေါက်ရောက်လျက်ရှိသော လာကုတီဉများ ခုတ်ယူရောင်းချရာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့၌ ထာဝရရန်ငြိမ်း‌အေးစေတီတော်အား ရွှေ‌ထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အလယ်ရေရှင်ကျေးရွာရှိ မဏိကာရုံကျောင်းတိုက်ဝန်းအတွင်း တည်ထားပူဇော်အပ်သော ထာဝရရန်ငြိမ်းအေးစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တောင်သာမြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့်အလေးပြုပွဲအခမ်းအနား ကျင်းပ

တောင်သာမြို့၊ အမှတ် (၆) ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရုံးဝန်း၌ ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ဖေဖော်ဝါရီလ (၁၂) ရက်၊ နံနက် ၅နာရီခွဲ အချိန်တွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နံနက်၇နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်၌ အသက်ခြောက်လမှ ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် အသက်ခြောက်လမှ ငါးနှစ်အောက်ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ဗီတာမင်အေနှင့်သန်ချဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ပင်လောင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပသည့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လွိုင်လင်မူလတန်းကြိုကျောင်းတွင် ကလေးများနေ့အထိမ်းအမှတ် ကာယဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လွိုင်လင်မူလတန်းကြိုကျောင်းတွင် ကလေးများနေ့အထိမ်းအမှတ် ကာယဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အဆိုပါကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ရှမ်းရိုးမစာကြည့်တိုက်ဖွင့်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရှမ်းရိုးမစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါစာကြည့်တိုက်အဆောက်အဦရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to