တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း၌ ဖေဖော်ဝါရီလ ၁၄ရက်နေ့ မွန်းလွှဲပိုင်းအချိန်က မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျော့ရောဂါ ဖြစ်ပွားမှုလျောနည်းပပျောက်စေရေးအတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ အသိပေးဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ပန်းတော်ပြင်)တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီက ပန်းတော်ပြင်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

လောကသရဖူဘုရားကြီး၊ မဟာဇေယျပထ-မောင်အိုတံတားနှင့်အုတ်လမ်း၊ အင်းဝမြို့ဟောင်း ဒုတိယမြို့ရိုး(စည်တိုပုံမြို့ရိုး)ကျုံးတို့အား ပြုပြင်ထိန်းသိမ်းနိုင်ရေး ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းရှိ လောကသရဖူ ဘုရားကြီး၊ မဟာဇေယျပထ-မောင်အိုတံတားနှင့် အုတ်လမ်း၊ အင်းဝမြို့ဟောင်း ဒုတိယမြို့ရိုး (စည်တိုပုံမြို့ရိုး)ကျုံး တို့အား ရှေးမူမပျက် ရေရှည်ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် လေ့လာ ဆန်းစစ်သုံးသပ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှ တိုင်းဦးစီးမှူးများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၀) တွင် ပါဝင်တက်ရောက်ကြမည့် သင်တန်းသားများအား သွားရောက်ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၀) တွင် ပါဝင်တက်ရောက်ကြမည့် သင်တန်းသားများ၏ စုရပ်နေရာများသို့ သွားရောက်ကြည့်ရှုကာ နှုတ်ဆက်အားပေး စကားများပြောကြားခဲ့သည်။

သာပေါင်းမြို့နယ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ သံဃာ့ဝန်ဆောင်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဓမ္မဝိဇယဓမ္မာရုံ၌ ကျင်းပခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဆိုလာစနစ်ဖြင့် မြေအောက်ရေတူးဖော်ရေးလုပ်ငန်းဆောင်ရွက်မည့် နေရာများအား ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကုတင် ၁၀၀၀ ဆေးရုံအုပ်ကြီး Dr မိုးခိုင်၊ လယ်ဝေးခရိုင်ပညာရေးမှူး၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဗိုလ်မှူးရာဇာ၊ ဦးဝင်းအောင်၊ အတွင်းရေးမှူး ရဲမှူးအေးကျော်၊ မြို့နယ်ပညာရေးမှူး ဦးအောင်လွင်နှင့် တာဝန်ရှိသူများသည် ယာဉ်မတော်တဆမှုကြောင့် နေပြည်တော် ခုတင်-၁၀၀၀ အထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် လယ်ဝေးမြို့ အ.ထ.က (၆) သာဝတ္တိမှ ကျောင်းသား၊ ကျောင်းသူ ၈ ဦးတို့အား သွားရောက်အားပေးစကားပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အမရပူရမြို့နယ်တွင် မြေပြင်စာရင်းကောက်ယူနေမှုအား ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မှန်တန်းရပ်ကွက်တွင် ယမန်နေ့နံနက် ၁၀ နာရီက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်​နေ့တွင်အသက် ၁၈ နှစ်ပြည့်မီသူနှင့်အထက် လူဦးရေစာရင်းအား မှန်ကန်မှုရှိစေရန်အတွက် လဝက၊ အထွေထွေအုပ်ချုဏ်ရေးဦးစီးဌာနနှင့် မြို့နယကော်မရှင်တို့ ပူးပေါင်းပြီး တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြသည်။

ရတနာပုံတက္ကသိုလ်၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရတနာပုံတက္ကသိုလ်ကြက်ခြေနီ(အသင်းခွဲ)တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ‌ပါမောက္ခ(ဌာနမှူး)များ၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်နှင့် ကော်မတီဝင်များ၊ မန္တလေးတိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် နည်းပြ ဆရာ၊ ဆရာမများ၊ ရတနာပုံတက္ကသိုလ်ကြက်ခြေနီ(အသင်းခွဲ)ဥက္ကဋ္ဌ ဒေါက်တာဒေါ်သန်းအေးနှင့် အသင်းဝင်များ၊ တက္ကသိုလ်ကြက်ခြေနီ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ကလိန်အောင်မြို့၌ ယခုနှစ်တွင် သီဟိုဠ်စေ့ စတင်ထွက်ရှိချိန် တစ်ပိဿာကို ငွေ ၇၅၀၀ ကျပ်အထိ ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ယခုအခါ သီဟိုဠ်စေ့ စတင်ထွက်ချိန်ရာသီတွင် ပြည်ပနိုင်ငံမှ ဝယ်လိုအားများသောကြောင့် မနှစ်ကပေါက်ဈေးထက် ဈေးကောင်းပိုရရှိကြောင်း ကလိန်အောင်မြို့ရှိ သီဟိုဠ်သီးပင်စိုက်ပျိုး တောင်သူများထံမှ သိရသည်။
Subscribe to