ကျိုက်လတ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျုံကလွတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့  မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူပေါင်း၍ ယနေ့နံနက်က အောက်မင်္ဂလာရပ်ကွက်ရှိ မြို့မဈေးကြီးတွင် ပြုလုပ်ခဲ့သည်။

မိုင်းခတ်မြို့နယ်၊ ယန်းမိုင်(လားဟူ)ကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု၊ဘဏ္ဍာ‌ရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သည့် မိုင်းခတ်မြို့နယ်၊ ယန်းမိုင် (လားဟူ)ကျေးရွာ၌ ကျေးရွာစာကြည့်တိုက် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့်ဝက်မွေးမြူရေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၄ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ညောင်သုံးပင်၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန် လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့က အ.ထ.က(ခွဲ) ဗိုလ်တေဇကျောင်း၌ ကျင်းပသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများနှင့် စတိတ်ရှိုးစင်တင်တေးဂီတဖျော်ဖြေရေးတီးဝိုင်းတွင် လာရောက်ကြည့်ရှုသူများဖြင့် စည်ကား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ရဟန်းရှင်လူပြည်သူများ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင်ချမ်းမြေ့စေရန် ရည်ရွယ်ကျင်းပသည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများနှင့် စတိတ်ရှိုး စင်တင်တေးဂီတဖျော်ဖြေရေးတီးဝိုင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့ ညနေပိုင်းများက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ ကျင်းပရာ လာရောက်ကြည့်ရှုသူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ Book Club စာဖတ်ဝိုင်း ပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များစုစည်း၍  Book Club စာဖတ်ဝိုင်းကို  ယမန်နေ့  နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုခန်းမတွင် ပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့ ပြည်သူ့ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူ့ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ဖေဖော်ဝါရီလ (၁၄) ရက် ညနေ (၃) နာရီခွဲက အမှတ် (၁) နှင့်အမှတ် (၂) ဈေးတို့တွင် ကျင်းပပြုလုပ် သည်။
Subscribe to