မဟာအောင်မြေမြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ အုတ်ကျင်းရပ်၊ အကွက်အမှတ် (၄၀၅- A)ရှိ နေအိမ်များအား မီးသတ်ဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အကြံပြုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၌ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့၌ စဉ်ဆက်မပြတ်ပညာရေး စာသင်ဝိုင်းများသင်ကြားနေမှုအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်အတွင်း စဉ်ဆက်မပြတ် ပညာရေးသင်ကြားနေသည့် စာသင်ဝိုင်းများသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပညာရေးဌာနမှတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ယမန်​နေ့ နံနက်ပိုင်းတွင် စုရပ်အသီးသီးသို့ သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

သန်လျင်၌ စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်ဆက်ကပ်ပွဲကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက် လေးထပ်ပရိယတ္တိစာသင်တိုက် ဂိုဏ်းပေါင်းစုံထေရဝါဒပရိယတ္တိသာသနာ့ဟိတအသင်းမှကျင်းပသော နဝမအကြိမ်မြောက် သာမဏေကျော်လင်္ကာရနှင့်ဝိနယာလင်္ကာရ ဂုဏဝိသိဌ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံက် ၉ နာရီတွင် အဆိုပါစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်မြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု တီကျစ်ကျေးရွာ ရှမ်းချယ်ရီခန်းမ၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်တွင် ဂါရဝပြုခံသက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ အမှတ်(၁၀၁)ရှိ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင် (၉) ကြိမ်မြောက် ဂါရဝပြုခံသက်ကြီးဆရာများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့နယ်၊ ရပ်ကွက်အတွင်းလူနေအိမ်များနှင့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင် ကြီးကြပ်၍  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစိုး‌ကျော်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါလျက် ဖေဖော်ဝါရီ ၁၄ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရပ်ကွက်အတွင်းရှိ စက်သုံးဆီ အရောင်း ဆိုင်များ၊ သိုလှောင်ရုံများ၊ ဈေးဆိုင်များတို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြပြီး၊ မီးဘေးကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိရေး၊ မီးလောင်လွယ်သည့်ပစ္စည်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားထားရေးတို့ကို လှည့်လည် စစ်ဆေးအကြံပေးခဲ့ကြကြောင်း သိရသည်။

ဆီပူအိုးတည်ထားရာမှ မီးလောင်မှုဖြစ်ပွားကာ လူနေအိမ် (၃)လုံး ဆုံးရှုံးမှု ကမာဝက်မြို့တွင်ဖြစ်ပွား

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ ဂုံညှင်းတန်းရပ်ကွက်တွင် ယမန်နေ့ညက ဆီပူအိုးတည်ထားရာမှ မီးလောင်ကျွမ်းပြီး အနီးရှိလူနေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

မြိတ်မြို့တွင် ပြည်သူများအား မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ၍ (191) စတေကာများ ကပ်နှိပ်ပညာပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူလူထုများ၏မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးလောင်မှုများ မဖြစ်ပွားစေရေးတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ပြည်သူများအား မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်(191)ပါရှိသည့် စတေကာများ ကပ်နှိပ်၍ အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးဘေးလုံခြုံရေးအတွက် မြောင်းမြခရိုင် မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ ဟိုတယ်များ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to