ဘားအံမြို့နယ် ထီးဖိုးကလုံးရွာမှ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် သစ္စာလမ်းမကြီး ထော်ရွဲရွာအပိုင်း ကတ္တရာလမ်းဖွင့်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထီးဖိုးကလုံးရွာမှ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသသို့ သံလွင်မြစ်ကြောင်းနှင့်အပြိုင် ဆက်သွယ်ဖောက်လုပ်ထားသော သစ္စာလမ်းမကြီး ထော်ရွဲရွာအပိုင်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။