နတ်မောက် ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာခင် ဦးစီးအရာရှိက လူငယ်ရေးရာဟောပြောကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလနှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် လေ့လာသင်ယူစေချင်ပါကြောင်း၊ လူငယ်များအနေဖြင့် အသိဉာဏ်ပညာတိုးပွားစေမည့် စာအုပ်စာပေ၊ လောကဗဟုသုတများကို လေ့လာသင်ယူကြစေလိုကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အသိဉာဏ်ပညာကိုဖြစ်စေမည့် စာအုပ်စာပေ၊ လောကဗဟုသုတများကို လေ့လာသင်ယူကြစေလိုကြောင်းနှင့် မိမိတို့နှစ်သက်သည့် စာအုပ်များကို လေ့လာဖတ်ရှုလိုပါက မှတ်သားထားပြီး လာရောက်အကြံပြု ငှားရမ်းစေလိုကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်မည့် သင်တန်းများကို တက်ရောက်ကြစေလိုပါကြောင်းနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ ဖွင့်လှစ်သင်ကြားပေးသည့် သင်တန်းများနှင့်ပတ်သက်၍ မည်သူမဆို အခမဲ့ လာရောက်တက်ရောက်နိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက “စာဖတ်ကြစို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း
