မိုင်းခတ်မြို့နယ်၊ ယန်းမိုင်(လားဟူ)ကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုင်းခတ် ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု၊ဘဏ္ဍာ‌ရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သည့် မိုင်းခတ်မြို့နယ်၊ ယန်းမိုင် (လားဟူ)ကျေးရွာ၌ ကျေးရွာစာကြည့်တိုက် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့်ဝက်မွေးမြူရေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၄ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုင်းတုံမှ ဒုတိယညွှန်ကြားရေးမှူး‌ဒေါ်အိအိမြတ်နှင့်အဖွဲ့သည် မိုင်းခတ်မြို့နယ်၊ ယန်းမိုင်(လားဟူ) ကျေးရွာ၌၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင်မိုင်းခတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခေတ်မီစံပြကျေးရွာထူထောင်ရေးလုပ်ငန်းစီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် ၃.၉ သန်းဖြင့် ကျေးရွာစာကြည့်တိုက် ခြံစည်းရိုးကာရံခြင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ် ၃၀သန်းဖြင့် ဝက်မွေးမြူရေးလုပ်ငန်းအခြေအနေကို ကြည့်ရှုစစ်ဆေးရာ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်ထွေးက လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)