မဟာအောင်မြေ ဖေဖော်ဝါရီ ၁၆
မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ အုတ်ကျင်းရပ်၊ အကွက်အမှတ် (၄၀၅- A)ရှိ နေအိမ်များအား မီးသတ်ဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အကြံပြုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းဦးဆောင်၍ မန္တလေးခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူးများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နေအိမ်တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ ရပ်ကွက်အတွင်း ရေရှိရေးနှင့် မီးသတ်ယာဉ် ဝင်/ထွက်သွားလာနိုင်သည့် လမ်းကြောင်းများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များပေးဝေခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများထားရှိမှု၊ လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ရေသိုလှောင်ထားမှုနှင့် သန့်ရှင်းရေးပြုလုပ်မှုတို့ကို ကြည့်ရှုဆွေးနွေးအကြံပြုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း