ပဲခူးမြို့၌ တိုင်းဒေသကြီး သံဃာ့နာယကရွေးချယ်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် လစ်လပ်သွားသောနေရာများ၌ ပြန်လည်အစားထိုး ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်ကြည်ညိုခဲ့သည်။

(၇၈) နှစ်မြောက် ပြည်ထာင်စုနေ့အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်တွင် စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချ

၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကျိုက်မရောမြို့နယ်၌ ဒေါင်ဒင်းအင်းငါးဖမ်းပွဲတော်ရိုးရာမပျက်စည်ကား သိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရေပူကော့စပ်ကျေးရွာရှိ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အနယ်နယ်အရပ်ရပ်မှ ငါးဖမ်းပွဲတော်လာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သွေးချင်းစုံလင်သနပ်ခါးသဘင်ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲကျင်းပ

မြန်မာတိုင်းရင်းသားအသီးသီးတို့ သနပ်ခါးလိမ်းခြယ်သည့် ရိုးရာဓလေ့ကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် UNESCO ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေးအတွက် အထောက်အကူဖြစ်စေရန်အတွက် သွေးချင်းစုံလင်သနပ်ခါးသဘင်ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းနှင့် ဗမာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် My Garden (Restaurant) ၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ တည်ထားကိုးကွယ်တော်မူသော ဘုရား၊ စေတီပုထိုးများနှင့် ရှေးဟောင်းသာသနိက အဆောက်အအဦများ အသစ်တစ်ဖန် ဘက်စုံပြန်လည်မွမ်းမံထားမှုအတွက် စုပေါင်းရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အတွင်း ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အဦးများတွင် ရှေးဟောင်းလက်ရာမူများ မပျက်စေရေးနှင့်၊ သန့်ရှင်းသပ်ရပ်၍ သာယာလှပမှုရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ယမန်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ နတ်မှော်စာသင်တိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော်ဘုရား၊ စေတီပုထိုးများနှင့် ရှေးဟောင်းသာသနိက အဆောက်အအဦးများ အသစ်တစ်ဖန်ဘက်စုံ ပြန်လည်မွမ်းမံထားမှုအတွက် စုပေါင်းရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

နတ်မောက်မြို့နယ် ဈေးသာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမစက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဈေးသာကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။               

လဲချားမြို့နယ်တွင် (၆၇)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲတော်သို့ အလှူ​ငွေများ သွားရောက်ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၌ (၆၇)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပြန်ပွဲတော်ကို ဖောင်တော်ဦးကျောင်းတိုက်တွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။

မိုင်းတုံမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဦးအောင်ဇေယျဘုန်းကြီးကျောင်းဝင်းရှိ နားနေဆောင်တွင် မိုင်းတုံအုပ်စု၊ ဝမ်နားကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် (၇၈)မြောက်၊ ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းမြို့တွင် (၇၈)မြောက်၊ ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကျင်းပ စစ်ကိုင်း ဖေဖော်ဝါရီ ၁၇ ခရိုင်(ပြန်/ဆက်)
Subscribe to