ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ

မရမ်းကုန်း ဖေဖော်ဝါရီ ၁၆

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၌ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲအခမ်းအနားတွင် အလုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးသူ (၁) မှ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေအကြောင်း‌၊ တိရစ္ဆာန်ဥယျာဥ်နှင့်ပတ်သက်သည့် ဥပ‌‌ဒေပုဒ်မ တစ်ခုချင်းအလိုက် အ‌ဓိပ္ပါယ် ဖွင့်ဆိုချက်များကို အကျယ်တဝင့်ရှင်းလင်း ဟောပြောဆွေးနွေးကာ တိရစ္ဆာန်ဥယျာဥ်ဝန်ထမ်းများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဖြေကြားဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲသို့ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ဝန်ထမ်း (၄၅) ဦး၊ အလုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းပါ (၅) ဦး စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ကိုရဲ(မြို့နယ်ပြန်ဆက်)