မြောင်းမြ ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးဘေးလုံခြုံရေးအတွက် မြောင်းမြခရိုင် မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ ဟိုတယ်များ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြခရိုင်မီးသတ်ဦးစီဌာနမှ ဒုခရိုင်မှူး ဦးဇော်မင်း ဦးဆောင်၍ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မှတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့များက ဟိုတယ်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးပြီး လိုအပ်သည့်မီးငြှိမ်းသတ်ရေးပစ္စည်းများထားရှိရန်နှင့် Fire safety certificate ရယူလျှောက်ထားရန် လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)