ကြံခင်းမြို့၌ စဉ်ဆက်မပြတ်ပညာရေး စာသင်ဝိုင်းများသင်ကြားနေမှုအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု

ကြံခင်း ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်အတွင်း စဉ်ဆက်မပြတ် ပညာရေးသင်ကြားနေသည့် စာသင်ဝိုင်းများသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပညာရေးဌာနမှတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ယမန်​နေ့ နံနက်ပိုင်းတွင် စုရပ်အသီးသီးသို့ သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

အဆိုပါ စဉ်ဆက်မပြတ်ပညာရေးကို စာသင်ဝိုင်းများသင်ကြားနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပညာရေးဌာနမှဝန်ထမ်းများနှင့်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ရွှေတောင်စု(အ.မ.က) ကျောင်း၊ သဲဖြူ (အ.မ.က)ကျောင်း၊ ဘက်ရဲမြို့ရှိ ရွှေကျောင်း (အ.မ.က)တို့အား ကြည့်ရှုအားပေးကာ အဟာရပြည့်အချိုရည်များပေးအပ်ပြီး လိုအပ်သည်များအား ပေါင်းစပ်ပေးခဲ့ကြသည်။

ကြံခင်းမြို့နယ်အတွင်းရှိ အ​ခြေခံပညာတတ်​မြောက်မှုနည်းပါးသည့် ပြည်သူများအား ရပ်ကွက် /ကျေးရွာအုပ်စု (၁၄)အုပ်စုတွင် စာသင်ဝိုင်း (၁၆) ဝိုင်းတွင် လူဦးရေ(၂၃၆)ဦးတို့အား ​ဖေ​ဖော်ဝါရီ ၈ ရက်​နေ့မှ ဧပြီလ ၈ ရက်နေ့အထိ ရက်ပေါင်း (၆၀)ကို အ​ခြေခံပညာ​ကျောင်းများမှ ဆရာ၊ ဆရာမများ က တစ်ရက်လျှင် ၃ နာရီကြာ သင်ကြား​ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)