မိုးနဲမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ဌာနစုပေါင်းရုံးဝင်းအတွင်းရှိ ကမ္ဘောဇခန်းမ စုရပ်နေရာ၌ ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ယာယီ​နေရပ်စွန့်ခွာ ပြည်သူများအား ​ထောက်ပံ့​ငွေများပေးအပ်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်​နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရပ်စောက်မြို့၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးခြင်း၊ မြက်ချဉ်ဖက်ပြုလုပ်ခြင်းနှင့် ကောက်ရိုးပြုပြင် ကျွေးမွေးခြင်းသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဟာရပြည့်ဝသော တိရစ္ဆာန် အစာဖူလုံရန် ထုတ်လုပ်မှုမြင့်မား‌စေရနရန်၊ အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်အစာပင်များစိုက်ပျိုး၍ လုံလောက်စွာကျွေးမွေးခြင်းဖြင့် တိရစ္ဆာန်များကျန်းမာပြီး ထုတ်လုပ်မှုမြင့်မားလာစေရန်၊ မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးအမြတ်ပိုမိုရရှိစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးခြင်း၊ မြက်ချဉ်ဖက်ပြုလုပ်ခြင်းနှင့် ကောက်ရိုးပြုပြင် ကျွေးမွေးခြင်းသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကြာအင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် ရေနံချောင်းမြို့ အ.ထ.က(၁)ကျောင်း၌ မီးဘေးလုံခြုံရေးစစ်ဆေး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်များ၏ ဗလငါးတန်မြင့်မားလာစေရေး လူငယ်စကားဝိုင်း ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်များ၏ ဗလငါးတန်မြင့်မားလာစေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရေးတို့အတွက်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့နယ် သရက်ပင်ကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် (၉၀) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သရက်ပင်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာတာဝန်ရှိများက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းမင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းထိ (၉၀) ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရွာငံမြို့နယ်တွင် ဈေးကွက်အာမခံချက်ရှိသောကြောင့် အစေ့ကြားကြက်ဆူတောင်သူများ တိုးချဲ့စိုက်ပျိုးလာ

ရွာငံမြို့နယ်ရှိ တောင်သူများသည် အခြားသီးနှံများထက် စီးပွားရေးတွက်ခြေကိုက်သောကြောင့် အစေ့ကြားကြက်ဆူများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြကြောင်း တောင်သူများထံမှ သိရသည်။

မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်‌ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်အဆင့် ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း ဒုတိယအသုတ်သင်တန်းပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ ဒုတိယအသုတ် မြို့နယ်အဆင့် အခြေခံကျန်းမာရေးဝန်ထမ်းများအား ဖေဖော်ဝါရီလ ၁၇/၁၈ (၂)ရက်၊ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ သင်တန်းပို့ချခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် (၆၃) နှစ်မြောက်တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၊ တောင်သူလယ်သမားနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to