မိုးနဲ ဖေဖော်ဝါရီ ၁၉
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ဌာနစုပေါင်းရုံးဝင်းအတွင်းရှိ ကမ္ဘောဇခန်းမ စုရပ်နေရာ၌ ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ထို့နောက် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး ယာယီနေရပ်စွန့်ခွာသူ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ မိုးနဲမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူ ပြည်သူ (၇၁၃) ဦးရှိပြီး တန်ဖိုးငွေကျပ် (၁၄,၂၆၀,၀၀၀) တိတိကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မိုးနဲမြို့နယ်တပ်နယ်မှ ဗိုလ်မှူးစိုးလင်းအောင်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများ စုပေါင်းအင်အား (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို