သဲကုန်းမြို့နယ်၌ ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များဖြစ်နိုင်ရေးအတွက် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က ​မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.မ.က(ရွာမ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြော

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကွင်း‌ဆင်းဆောင်ရွက်ခဲ့ကြသည်။

မင်းလှ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ ရေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာစစ်ဌာနများ တည်ငြိမ်အေးချမ်းအောင်မြင်စွာဖြေဆိုနိုင်ရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

ဒိုက်ဦးမြို့၌ ပဲခူးတိုင်းဒေသကြီးပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

သာယာဝတီမြို့တွင် ပထမအကြိမ် မဟာဘွဲ့နှင်းသဘင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပထမအကြိမ်မဟာဘွဲ့နှင်းသဘင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက သာယာဝတီမြို့ မင်းကျောင်းပရဟိတပရိယတ္တိဘက်စုံသာသနာပြုကျောင်းတိုက် ကမ္ဘာ့ငြိမ်းချမ်းရေးဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

ခရမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေးစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၁၀ အချိန်က မြို့နယ်မီးသတ်ဦးစီးမှူးဦးမြတ်စိုးမိုးဦးဆောင်၍ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ကော့မှူးမြို့တွင် Grade -1 ကျောင်းသား၊ ကျောင်းသူများအား အာဟာရများကျွေးမွေး

အခြေခံပညာဦးစီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-1 ကျောင်းသား၊ ကျောင်းသူများကို‌ ကျောင်းတွင်းအာဟာရများကျွေးမွေးခြင်းကို ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ထန်းမနိုင်)ကျောင်း၌ ကျွေးမွေးခဲ့ကြောင်းသိရသည်။

အုတ်ဖိုမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး မီးဘေးအန္တရာယ်ကြိုတင်စစ်ဆေးမှုများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပရာ၌ ကျောင်းသားကျောင်းသူများအေးချမ်းစွာဖြေဆိုနိုင်ရန် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အောင်မြေရတနာကျောင်းတိုက်၌ ကျင်းပပြုလုပ်သော မကွေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့(အနားယူ)(အစားထိုး) ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီး၊ သံဃာ့နာယကအဖွဲ့ (အနားယူ) (အစားထိုး) ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မကွေးမြို့ အောင်မြေရတနာကျောင်းတိုက်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ သာသနာရေးဆိုင်ရာ လျှောက်ထားခဲ့ကြောင်း သိရသည်။
Subscribe to