တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် ရေနံချောင်းမြို့ အ.ထ.က(၁)ကျောင်း၌ မီးဘေးလုံခြုံရေးစစ်ဆေး

ရေနံချောင်း ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများက တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနေစဉ် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန်နှင့် မီးလောင်မှုမီးလန့်မှုမဖြစ်ပွားစေရန် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်တွင် အမှိုက်သရိုက်များ ရှင်းလင်းထားရှိမှု၊ မီးသတ်ဆေးဘူးများ အသင့်သုံးစွဲနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ မီးသတ်ရေလှောင်ကန်များတွင် ရေလုံလောက်စွာဖြည့်တင်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများဆောင်ရွက်ထားရှိမှု၊ လျှပ်စီးသုံးစွဲမှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)