သာ​​ကေတမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေးစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ​ထောင်ခရိုင်၊ သာကေတမြို့နယ်၊ မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိ၊ သတိပေးနှိုးဆော်ခြင်း၊ မီးဘေးလုံခြုံရေးအတွက် ရပ်ကွက်အလိုက် မြေပြင်ကွင်းဆင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ (၄:၀၀) နာရီအချိန်က သာကေတမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်း ဦးဆောင်၍ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ မရမ်းခုံကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပရာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတက်ရာက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တပ်နယ်များမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများတက်ရာက်ကြသည်။

ညောင်ရွှေမြို့၌ မြို့နယ်သံဃနာယကအဖွဲ့ အနားယူ၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့၏ မြို့နယ်သံဃနာယကအဖွဲ့ အနားယူ၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁၂) နာရီက ညောင်ရွှေမြို့ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ မတ်ပဲနှင့် ပဲတီစိမ်း စံကွက်ရိတ်သိမ်းခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားရေရိက္ခာဖူလုံစေရေးနှင့် ဆောင်းသီးနှံစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပြီး အထွက်တိုးစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ(၁၇)ရက်နေ့က ကော့မုပွန်ကျေးရွာ ကွင်းအမှတ်(၆၃၅)ရှိ မတ်ပဲဧက(၁၀၀) အကွက်ကျယ်စံပြကွက်နှင့် ပဲတီစိမ်းစံကွက်ရိတ်သိမ်းခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ညောင်ရွှေမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ညောင်ရွှေမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to