ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် Youth Club နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ Youth Club နှင့်ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။