သာပေါင်းမြို့နယ်အဆင့် ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း ဒုတိယအသုတ်သင်တန်းပို့ချ

သာပေါင်း ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ ဒုတိယအသုတ် မြို့နယ်အဆင့် အခြေခံကျန်းမာရေးဝန်ထမ်းများအား ဖေဖော်ဝါရီလ ၁၇/၁၈ (၂)ရက်၊ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ သင်တန်းပို့ချခဲ့သည်။

မြို့နယ်အဆင့် ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း ဒုတိယအသုတ် သင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမီမီခိုင်မှ ငှက်ဖျားရောဂါဖြစ်ပွားမှု ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့်ပတ်သတ်၍ ရည်ရွယ်ချက်များ၊ ငှက်ဖျားရောဂါကာကွယ်ဆေး တိုက်ကျွေးမည့် အစီအစဥ်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားပြီး ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း (မိခင်/ကျောင်းကျန်းမာရေး အာဟာရ)နှင့် ဦးဝေလင်းကိုတို့က ငှက်ဖျားရောဂါကာကွယ်ဆေးတိုက်ကျွေးရာတွင် လုပ်ဆောင်ရမည့် အချက်အလက်များ၊‌ ဒေါ်သက်သက်ဝင်းမှ စာရင်းကောက်၊ စာရင်းယူနည်းစနစ်တို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး(ပြန်/ဆက်)