မိုင်းယုမြို့၌ MSMEအကြောင်း အသိပညာပေး(Talk Show)ဆွေးနွေး

မိုင်းယုမြို့၌ MSMEအကြောင်း အသိပညာပေး(Talk Show)ဆွေးနွေး မိုင်းယု ဖေဖော်ဝါရီ ၁၉ ကိုကိုနိုင်

ရန်ကင်းပညာရေးဒီဂရီကောလိပ်တွင် တတ်ကျွမ်းမှုအခြေပြုမေးခွန်းတည်ဆောက်ခြင်း အကဲဖြတ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းဖွင့်

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၉ နာရီက တတ်ကျွမ်းမှုအခြေပြုမေးခွန်းတည်ဆောက်ခြင်း၊ အကဲဖြတ်ခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လှည်းကူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေးစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်း မီးဘေးအန္တရာယ်လုံခြုံစေရေးအတွက် ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (Book Club)အဖွဲ့ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌(Book Club)အဖွဲ့မှ စာရေးဆရာ‌မခင်စောတင့်ရေးသားသည့် “ဘဝအသစ်ရဲ့အစများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ ဇေယျာသီရိ ဖေဖော်ဝါရီ ၁၉ ထွန်းလင်း(ဇေယျာမြေ)

ပန်းတောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာအကြောင်းအရာများ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာအကြောင်းအရာများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ ပခုက္ကူ ဖေဖော်ဝါရီ ၁၉ ခရိုင်(ပြန်/ဆက်)

တွံတေးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများကို မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေး၊ အသိပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(၁)နှင့်အ.ထ.က(၂)စာစစ်ဌာနတို့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to