ဝန်းသိုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကျောင်းသား ကျောင်းသူများအားတွေ့ဆုံအားပေးစကားပြောကြား
၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ဝန်းသို) နှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တပ်နယ်မြေတို့တွင် ပညာသင်ကြား နေကြသော Grade-12 ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။