ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းသံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် လစ်လပ်သွားသောနေရာများ၌ ပြန်လည်အစားထိုး ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းသံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် လစ်လပ်သွားသောနေရာများ၌ ပြန်လည်အစားထိုး ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းသံဃနာယကရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများအမှူးပြုသော သံဃာ့ဝန်ဆောင်ဆရာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။