ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ရုံး၊ ဌာနဆိုင်ရာများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေး

ဒဂုံမြောက် ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန်၊ လျှပ်စစ်ကြောင့် မီးလောင်မှု မီးလန့်မှုများမဖြစ်ပွားစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး ရုံးဌာနများတွင် ကြိုတင်ပြင်ဆင်‌ဆောင်ရွက်ထားရှိမှုများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်း‌အောင် တပ်ဖွဲ့၀င်များက ယမန်နေ့ နေ့လယ် ၁၂ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ စုပေါင်းရုံးလမ်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ် (၆) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရန်ကုန်-အရှေ့)၊ အမှတ် (၃၀) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မီးဘေးလုံခြုံရေးအတွက် ယာဥ်ထိန်းရုံးအတွင်း ဆောင်ရွက်ထားရှိမှုများကို ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ ဒုတိယရဲမှူးဇော်ဝင်းမိုးမှ လိုက်လံရှင်းလင်းပြသပြီးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်း‌အောင် တပ်ဖွဲ့၀င်များက ဆောင်ရွက်ထားရှိမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ရမည့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)