ဖြူးမြို့နယ်၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-9 စာမေးပွဲ အောင်ချက်မြင့်မားရေး မိဘဆရာတွေ့ဆုံညှိနှိုင်း

ဖြူး ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-9 စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၄၇၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ရာ အောင်ချက်မြင့်မားရေး မိဘဆရာတွေ့ဆုံညှိနှိုင်းခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မျိုးဖြူက အဖွင့်အမှာစကားပြောကြားပြီး Grade-9 အတန်းမှူး ဒေါ်နန်းစန်းစန်းရီက အောင်ချက်မြင့်မားရေး တွေ့ဆုံရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်ရေးကို ရှင်းလင်းပြောကြားသည်။

ထို့နောက် Grade-9 ဘာသာရပ် ဆရာ/ဆရာမများနှင့် တက်​ရာက်လာ​ကြသော ကျောင်းသားမိဘများက ဘာသာရပ်အပေါ် အားနည်းချက်၊ အားသာချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းနှင့် Grade-9 စာမေးပွဲကို (၃-၃-၂၀၂၅) ရက်နေ့မှ (၈-၃-၂၀၂၅)ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)