လွိုင်လင်မြို့၌ ဂျင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရာ စျေးကောင်းရရှိရန်မျှော်လင့်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်ရှိ ကျေးရွာအများစုတွင် ဂျင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရိတ်သိမ်းချိန်တွင် ဂျင်းများ ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ကွတ်ချိုးကျေးရွာနေ စိုက်ပျိုးတောင်သူ ဦးအိုက်ကျော်က ပြောကြားခဲ့သည်။