ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာ၌ တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလင်းစေတမာန် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကျင်းပ

ပိုင်ကျုံ ဖေဖော်ဝါရီ ၁၉

၂၀၂၅ ခုနှစ် မတ် ၂ ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာ၌ အလင်းစေတမာန်စာကြည့်တိုက် အဆောက်အအုံအား ယနေ့နံနက် ၉ နာရီအချိန်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာကြည့်တိုက်သည် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ်သိန်း(၁၅၀)နှင့် အများပြည်သူထည့်ဝင်ငွေတို့ဖြင့် တည်ဆောက်ပြီး စာကြည့်တိုက်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိများတို့က သက်မှတ် ချိန်ကျရောက်သည်နှင့် တစ်ပြိုင်တည်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မှတ်တမ်း ကျောက်စာတိုင်အား အမွှေးနံသာရည်များ ပတ်ဖျန်းပေးကြကာ စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှု   အားပေးခဲ့ကြကြောင်း သိရသည်။

စာကြည့်တိုက်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စာကြည့်တိုက်အတွက် လိုအပ်သည့်ငွေပဒေသာပင် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာာများ ပြန်လည်ပေးအပ်ခဲ့သည် ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်နယ်ညွှန်ကြားရေးမှူး ဦးမောင်မောင်က စာကြည့်တိုက်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စာကြည့်တိုက်အဆောက်အအုံနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ စာအုပ်စာစောင်များနှင့် ပရိဘောဂများကို စာကြည့်တိုက်ကော်မတီမှ လက်ခံရယူခဲ့ကာ စာကြည့်တိုက်ကော်မတီဝင် ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်

နော်ခူး(ပြန်/ဆက်)