ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများ ဖြေဆို

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖြေဆိုကြောင်း သိရသည်။

တောင်ကြီးမြို့၌ ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့ကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့နံနက် (၉) နာရီအချိန်က ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့ကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး ၊ ဆီးချို ၊ နှလုံး သွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များနားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့် သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

ခန္တီးမြို့၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဝန်ထမ်းများ အတွေးအခေါ် မြင့်မားလာစေရန်၊ စကားပြောစွမ်းရည် ကြွယ်ဝလာစေရန်၊ လူမှုအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ သွယ်တန်းထားသည့် ဖုန်းကြိုးများ ရှင်းလင်းဆောင်ရွက်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သွယ်တန်းထားရှိသော ရှုပ်ထွေးဖုန်းကြိုးများကို ယမန်နေ့နံနက်တွင် ဆက်သွယ်ရေးဝန်ထမ်းများက အဖွဲ့များခွဲ၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ (၇၆)ကြိမ်မြောက် သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲ စတင်ဖြေဆို ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံဘုရားကြီး၌  သာသနာတော်ထွန်းကားပြန့်ပွားစေရန်အတွက် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် (၇၆)ကြိမ်မြောက် သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟ စာမေးပွဲစတင်ဖြေဆိုကျင်းပခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီချိန်က ပြုလုပ်ခဲ့သည်။
Subscribe to