ကော့သောင်း ဖေဖော်ဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁၀)မိုင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မေဇင်ဦးကလူငယ်များ ယနေ့ခေတ်ဆိုရှယ်မီဒီယာကို နည်း စနစ်မှန်ကန်စွာ အသုံးပြုနိုင်ရန်အတွက် အမှားအမှန်၊ အကောင်း/အဆိုးကို ခွဲခြားသိမြင်နိုင်စေသည့် အသိပညာဗဟုသုတများ ရရှိစေနိုင်မည့် စာအုပ်စာပေများလေ့လာဖတ်ရှုကြရန်လိုအပ်ကြောင်းနှင့် လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ လေ့ကျင့်ပျိုးထောင်ကြရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်ကြရန်နှင့် စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးရလဒ်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ကျောင်းသား/ကျောင်းသူများက စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)