ဝေါမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ် အလင်းသစ်စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ဝေးလံသောတောင်ပေါ်ကျေးရွာများမှ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး‌စေရန်ရည်ရွယ်၍  အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ဖာလန်ကော်ကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာ၊ အလင်းသစ်စာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြသည်။

ရွှေဘိုခရိုင်အကျဉ်းဦးစီးဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်‌ရေး ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ရွှေဘိုခရိုင် အကျဉ်းဦးစီးဌာနတွင် ယမန်နေ့နံနက် (၁၁း၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးရှင်းလင်းခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရှင်းလင်းအသိပညာပေးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့၊ မြို့မစျေးကြီးတွင် စားအုန်းဆီရောင်းချသည့် စျေးဆိုင်များအား တာဝန်ရှိသူများကရှောင်တခင်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့မစည်ပင်သာယာရေးစျေးကြီးအတွင်း စားအုန်းဆီရောင်းချလျက်ရှိသည့် ဆိုင်များအား ယမန်နေ့နံနက်ပိုင်းက စုပေါင်းအဖွဲ့တို့မှ ရှောင်တခင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ နှစ်ဆုံးစာမေးပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ နှစ်ဆုံးစာမေးပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ (Video Conferencing) စနစ်ဖြင့် တက်ရောက်ကြသည်။

မိုင်းတုံမြို့နယ်တွင် စိုက်မွေးကုကျောင်း၌ စာသင်ကျောင်းသား/သူ ရရှိရေး ကွင်းဆင်းဟောပြော

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ ယနေ့နံနက် (၁၀) နာရီအချိန်က (အ.ထ.က) စာသင်ကျောင်းတွင် မိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး ကြီးမှုး၍ မိုင်းတုံမြို့နယ် နားကောင်းမှူးတွင် ဖွင့်လှစ်ထားသော စိုက်ပျိုးရေးနှင့်မွေးမြူရေးကျောင်း၌ စာသင်ကျောင်းသား/သူများ ရရှိရေးဟောပြောပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်ရှိ ကျေးရွာအုပ်စုများ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများအား ရှင်းလင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပ‌ဒေများနှင့်ပတ်သက်၍ ကျေးရွာနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပွဲအား ဖေဖော်ဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းက လျှော်ကုန်း ကျေးရွာအုပ်စု၊ လျှော်ကုန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to