ညောင်လေးပင် ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့မစည်ပင်သာယာရေးစျေးကြီးအတွင်း စားအုန်းဆီရောင်းချလျက်ရှိသည့် ဆိုင်များအား ယမန်နေ့နံနက်ပိုင်းက စုပေါင်းအဖွဲ့တို့မှ ရှောင်တခင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဦးစောသန်းထိုက်ကျော်၊ မြို့နယ်တာဝန်ခံဦးကျော်သက်မိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စျေးတာဝန်ခံဦးဝေလင်းနှင့်ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးတို့က စားအုန်းဆီရောင်းချသည့် ဈေးဆိုင်များအား သတ်မှတ်ထားသည့်စျေးနှုန်းဖြင့် မှန်ကန်စွာရောင်းချမှု ရှိ၊ မရှိနှင့်စနစ်တကျ တစ်နေ့ချင်းစာရင်းများရေးသွင်းထားမှု ရှိ၊ မရှိတို့အား ပူးပေါင်းအဖွဲ့မှ လိုက်လံစစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)