ဝေါ ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်း သိရသည်။
ဦးစွာ မြို့နယ်မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌဦးသီဟထွန်းက မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာတစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ လှည့်လည်ဆော်ဩခြင်းများဆောက်ရွက်ရန်၊ ရပ်ကွက်များရှိ မီးသတ်စက်များ ကောင်းမွန်စွာရှိစေရန် ပြုပြင်ထားကြရန်၊ မီးလောင်မှုဖြစ်ပွားလာပါကလည်းဆုံးရှုံးမှု လျော့နည်းစေရေးအတွက် အိမ်တိုင်းမီးဘေးကြိုကာကွယ်ရေး ပစ္စည်းများလုံလောက်စွာထားရှိရေးကြပ်မတ်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးသိန်းထွန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း မီးသတ်ဆေးဘူးအသုံးပြုပြီး မီးငြှိမ်းသတ်နည်းနှင့် မီးငြှိမ်းသတ်ခြင်းတို့ကို သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်းတင်ပြဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာရုံးများနှင့် လူနေအိမ်များကို တစ်အိမ်တက်ဆင်းမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများအားဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ရပ်ကွက်ရုံးများတွင်ထားရှိသည့် မီးသတ်စက်များကောင်းမွန်စွာ ထားရှိနိုင်ရေးစစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ မြို့မိမြို့ဖများနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက် )