ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ကျေးရွာနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပွဲအား ဖေဖော်ဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းက လျှော်ကုန်း ကျေးရွာအုပ်စု၊ လျှော်ကုန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ရာ ဆွေးနွေးပွဲသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးနှင့်ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ရှင်းလင်းစွာ ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ဆက်လက်၍ နေ့လည်(၁၂)နာရီအချိန်တွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးတို့သည် ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်းရေးအတွက် ဆွေးနွေးပွဲအား ဆက်လက်ကျင်းပခဲ့ရာ ကျေးရွာနေပြည်သူများက တက်ရောက်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များအားပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)