ဖြူးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်း

ဖြူး ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးရှင်းလင်းခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရှင်းလင်းအသိပညာပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသော ရပ်ကွက်နေပြည်သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပုဒ်မ(၃)အရပြဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်နိုင်သည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်အပိုင်းအခြား၊ ကာလသတ်မှတ်ချက်၊ စစ်မှုထမ်းဆောင်ရမည့် တာဝန်မှယာယီရွှေ့ဆိုင်းနိုင်သည့် အကြောင်းအရာများ၊ စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပြုသည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)