ကျောက်တန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်

ကျောက်တန်း ဖေဖော်၀ါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို သန်လျင်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်အေးအေးကြူနှင့်ဝန်ထမ်းများ၊ ကျောက်တန်းမြို့နယ်ဦးစီးမှူးဦးထွန်း၀င်းလတ်နှင့်ဝန်ထမ်းများ၊ Novus Myanmar QC အဖွဲ့၀င်များနှင့်အတူ ကျောက်တန်းမြို့နယ်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ကျော်သန်းဇေကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော မင်္ဂလွန်းကျေးရွာ ကုန်ထုတ်ဂဝံလမ်း (၁)မိုင် ၁၂' × ၉" ထုခင်းခြင်းနှင့် Box-culvert (၃)စင်း ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် Auturm Dream ကုမ္ပဏီမှ ကြံပင်ကျေးရွာ ၊ ကုန်ထုတ်ဂဝံလမ်း (၁/၄.၁၂ မိုင် × ၁၂' × ၉" ) နှင့် (၁၂' × ၁၄')တံတား(၁)စင်း၊ Box-Culvert(၄)စင်း၊ ဆောက်လုပ်ဆောင်ရွက်နေမှုတို့အား အမြန်ဆုံးလက်စသတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး အောင်ချမ်းသာကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြစိမ်းရောင်ကော်မတီများနှင့်တွေ့ဆုံ၍ ကျန်ရှိသောကြွေးကျန်ငွေများ အမြန်တွန်းအားပေး ဆက်လက်ကောက်ခံသွားရန်မှာကြားပြီး ကျုံကန်ကျေးရွာစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကိုစစ်ဆေး၍ ကျုံကန်ကျေးရွာနှင့်ကြံပင်ကျေးရွာ အုပ်ချုပ်ရေးမှူများအား ကျေးရွာများတွင် အသိပညာဗဟုသုတများသိရှိစေရန်အတွက် MRTV Set Box များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်ဆက်)