မိုင်းတုံ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ ယနေ့နံနက် (၁၀) နာရီအချိန်က (အ.ထ.က) စာသင်ကျောင်းတွင် မိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး ကြီးမှုး၍ မိုင်းတုံမြို့နယ် နားကောင်းမှူးတွင် ဖွင့်လှစ်ထားသော စိုက်ပျိုးရေးနှင့်မွေးမြူရေးကျောင်း၌ စာသင်ကျောင်းသား/သူများ ရရှိရေး ဟောပြောပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးထင်လင်းကျော် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဦးအောင်ဖြိုးဝေတို့က Gread-9 ကျောင်းသား၊ ကျောင်းသူများ မိဘများနှင့်တွေ့ဆုံခဲ့ကြပြီး စိုက်မွေးကု ကျောင်းကို တက်ရောက်ကြရနနှင့် ကောင်းကျိုးများကို ရှင်းလင်းပြောကြားပေးခဲ့ကြကြောင်း သိရသည်။
မျိုးကျော်စိုး (ပြန်/ဆက်)