ရွှေဘိုခရိုင်အကျဉ်းဦးစီးဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်‌ရေး ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

ရွှေဘို ဖေဖော်ဝါရီ ၂၀

မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ရွှေဘိုခရိုင် အကျဉ်းဦးစီးဌာနတွင် ယမန်နေ့နံနက် (၁၁း၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ‌ရွှေဘိုခရိုင်အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်က မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး‌‌ဟောပြောပွဲတွင် အမှာစကားပြောကြားခဲ့ပြီး  ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူးဦးအေးမြင့်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောရာတွင် "မီးဘေးအန္တရာယ်များ မည်သို့ဖြစ်ပွားတတ်ကြောင်း၊ မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများ၊ မီးဘေးဖြစ်ပွားပါက စနစ်တကျ တုံ့ပြန်နိုင်မည့် နည်းလမ်းများနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ပြင်ဆင်မှုများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး မီးဘေးအန္တရာယ်နှင့် သဘာဝ ဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီးခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ရွှေဘိုမြို့ အကျဥ်း​ထောင်မှ ဝန်ထမ်းများနှင့်မိသားစုဝင်(၅၃)ဦးတို့အား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အောက်ဆီဂျင်ဖြတ်တောက်နည်း၊ မီးသတ်ရေပိုက်၊ မီးသတ်ဆေးဘူးတို့ဖြင့်လည်းကောင်း၊ ဆီမီး​လောင်မှုနှင့်ဂက်စ်အိုး မီးလောင်မှုအား DCP မီးသတ်ဆေးဘူး၊ ရေစိုအဝတ် HNE တို့ဖြင့်ငြှိမ်းသတ်ခြင်း၊ မီးဘေးအန္တရာယ် ကြောင့် ထိခိုက်မှုများ လျှော့ချနိုင်ရန်အတွက် မီးသတ်စက်ကိရိယာများ အသုံးပြုနည်း၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဘေးကင်းစွာထွက်ခွာနည်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကိုလည်း လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို အရှိန်အဟုန်မြှင့်စွာ ဆက်လက်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)