မိုင်းခတ်မြို့နယ် အလင်းသစ်စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ဝေးလံသောတောင်ပေါ်ကျေးရွာများမှ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး‌စေရန်ရည်ရွယ်၍  အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ဖာလန်ကော်ကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာ၊ အလင်းသစ်စာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြသည်။

ရှေးဦးစွာ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီ‌အောင်က စာဖတ်ရှိန်မြှင့်မား‌စေရန် ကျောင်းသား/ကျောင်းသူများအား မကြာမီကျောင်းပိတ်ရာသီတွင် အားလပ်သည့်အချိန်၌ စာကြည့်တိုက်အားအကျိုးရှိရှိအသုံးချတတ်‌စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြှင့်မားလာစေရန် အသိပညာ‌ပေးပြောကြားပြီး၊ ကျောင်းသား/ကျောင်းသူများကို ရုပ်ပုံများစိတ်ကြိုက်ဆေးရောင်ခြယ်ခြင်း၊ စာကြည့်တိုက်မှ မိမိကြိုက်နှစ်သက်ရာစာအုပ်များဖတ်ခြင်းတို့ကို‌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)