သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ

သဲကုန်း ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ မီးဘေးလုံခြုံစေရန်နှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် ​မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြပွဲကို ယမန်နေ့က သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ အောင်နိုင်ရိုးမသစ္စာ (ANYT Co.Ltd) ကုမ္ပဏီလီမိတက်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက်က သဲကုန်းမြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများအတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး၊ မိမိစက်ရုံ/ အလုပ်ရုံတွင်အသုံးပြုနေသော ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်ထားကြရန်၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးချိတ်မီးကပ်၊ သဲအိတ်၊ ရေအိတ်များအဆင်သင့်စနစ်တကျစီစဥ်ထားရှိရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ လိုက်နာရမည့်အချက်များနှင့် မီးဘေးအန္တရာယ်အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက အလျင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသိပညာပေးဟောပြောခဲ့ပြီးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက်ဦးဆောင်မှုနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများအား လက်တွေ့ရှင်းလင်း သရုပ်ပြပေးခဲ့ကြောင်းသိရှိရသည်။

မြို့နယ် (ပြန်/ဆက်)