စစ်ကိုင်းမြို့နယ်တွင် ကုလားပဲဧက(၂၆၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ရာ အောင်မြင်ဖြစ်ထွန်း 

စစ်ကိုင်း ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ကုလားပဲသီးနှံစိုက်ပျိုးရာသီ၌ ယခင်နှစ်(၂၆၉၀၉)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် (၂၆၉၁၁)ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ ပြောင်းလဲသုံးစွဲနိုင်ရေး၊ စိုက်စနစ် မှန်ကန်ရေး၊ ပိုးမွှား၊ ရောဂါကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကွင်းဝန်ထမ်းများမှတစ်ဆင့်  နည်းပညာပေးလျှက်ရှိပါတယ်”ဟု  မြို့နယ်ဦးစီးမှူး ဦးမျိုးသန့်အောင်ကပြောသည်။

“ကုလားပဲသီးနှံကို စပါးအပြီးလယ်သီးထပ်အနေနဲ့လည်း စိုက်ပျိုးကြပါတယ်။ ဒီနှစ်က စိုက်ချိန်ကလည်း ရာသီအစိုဓာတ်မီသွားတော့ ကုလားပဲခင်းတွေ အလားလာကောင်းပါတယ်၊ ဖူးပန်းဝင်ချိန် အပင်ပြုစုနည်းတွေနဲ့ ပိုးမွှားရောဂါကြိုတင်ကာကွယ်နည်းတွေ၊ မျိုးစေ့မချမီ မျိုးစေ့စီရင်နည်းစနစ်တွေပါ ဆက်တိုက်ပညာပေးခဲ့ပါတယ်”ဟု ကွင်းတာဝန်ခံ တစ်ဦးက ပြောကြားပါသည်။

ကုလားပဲသီးနှံကို ကျေးရွာအုပ်စု(၆၅)အုပ်စုတွင် စိုက်ပျိုးလျက်ရှိပြီး ယခင်နှစ်ကာလတူ စိုက်ဧကထပ်ပိုတိုးလာကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)