လှိုင်မြို့နယ်၌ ရပ်ကွက်နေပြည်သူများသို့ ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

လှိုင် ဖေဖော်ဝါရီ ၂၀

 ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြိုနယ်ရှိ ပြည်သူများ ကြက်ဥများကို ‌ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ရေးအတွက် ယမန်နေ့ နံနက် (၆)နာရီ အချိန်၌ ()ရပ်ကွက်၊ ()ရပ်ကွက်()ရပ်ကွက်နှင့်(၆)ရပ်ကွက်တို့တွင် ကြက်ဥတစ်လုံးလျှင်(၃၆၅)ကျပ်နှုန်းဖြင့် ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်နေ ပြည်သူများအား ကြက်ဥတစ်လုံးလျှင် ၃၆၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ကြက်ဥ ၁၀ လုံးဖြင့် ကြက်ဥ အလုံးရေ (၂၁၀၀၀) ကိုရောင်းချပေးခဲ့ကြောင်း သိရသည်။

 အဆိုပါရောင်းချနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့မှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ညိုထွန်း (ပြန်/ဆက်)