ဘုမ္မိရဆိုင်ရာ သိုက်ဘုရားကိုးဆူဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အပူဇော်ခံ

သာကေတ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကွင်းကျေးရွာ သက္ကဝတီဂျိုးဖြူတောင် သာသနာ့နယ်မြေတွင် ရှေးနှစ်ပေါင်းများစွာ ဆရာတော်ကြီးများ အဆက်ဆက်၊ မင်းစဉ်မင်းဆက်ကိုးကွယ်ခဲ့ကြသည့် ဘုမ္မိရဆိုင်ရာ ရှေးဟောင်းသိုက်ဘုရားကိုးဆူသည်သာကေတမြို့နယ်ရှိ ဗိုလ်တထောင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်ထိ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင် ဦးဆောင်၍ ပင့်ဆောင်ကာ ဒုတိယအကြိမ်မြောက်အဖြစ် ကြွရောက်ကိန်းဝပ်စံပါယ်အပူဇော်ခံလျက်ရှိသည်။

ယင်းသို့ ဘုမ္မိရဆိုင်ရာ ကန်တော်မင်သိုက်ဘုရား၊ ရွှေတောင်ငွေတောင်သိုက်ဘုရား၊ စိန်ပြောင်ထိန်လင်းသိုက်ဘုရား၊ ရွှေဂျိုးဖြူမူလခဲသိုက်ဘုရား၊ ဂျပန်ရွှေပုံကြီး ငွေပုံကြီးဘုရား၊ ဆေးသိဒ္ဓိရခိုင်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ နဂါးရုံပြဒါးဘုရား၊ အာဟာရသိဒ္ဓိပြည့်ဘုရား စသည့်ဘုရားကိုးဆူအပူဇော်ခံလျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၆ နာရီခွဲမှ စတင်ကာ သာကေတမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်သူ မိသားစုက သာကေတမြို့နယ် အတွင်းအပြင် အေးချမ်းသာယာစေခြင်းဘေးဘယာများ ဝေးကွာစေခြင်းအလို့ငှာ မုန့်သက်ရှည် (မုန့်ဟင်းခါး) များဖြင့် မြတ်စွာဘုရားအား အရုဏ်ဆွမ်းကပ်ခြင်း၊ ဘုရားဖူးလာပြည်သူများနှင့် ဝန်ထမ်းမိသားစုများအား အဟာရဒါနအဖြစ် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

သဲထက်ဇင်