တွံတေး ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မင်းပိုင်းရပ်ကွက်၊ မြဂိုးကျေးရွာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူးရေးဒီပလိုမာသင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊လူကုန်တား၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းမှုခင်းပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသူဇာမောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၈)ယာဥ်ထိန်း ရဲဒုတပ်ဖွဲ့ခွဲ၊ အမှတ် (၅၇)ယာဥ်ထိန်ရဲတပ်ဖွဲ့စုမှူးရုံး (တွံတေး)မှ ရဲအုပ်အောင်မျိုးကျော်က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း သိကောင်းစရာများ ဟောပြောကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေအကြောင်း သိကောင်းစရာများကို တွံတေးမြို့မရဲစခန်းမှူး ဒုတိယရဲမှူးအောင်မျိုးနိုင်က ဟောပြောခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှုတားဆီကာကွယ်ရေး ဥပဒေများအကြောင်းကို တွံတေးမြို့နယ် ဥပဒေရုံးမှ ဒုတိယ ဥပဒေအရာရှိ ဒေါ်ကျော့ရှင်းဖြူတို့က အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် အသိပညာပေးဟောပြောပွဲတွင် ဟောပြောကြသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ သင်တန်းကျောင်းမှ ပထမနှစ်(၅၂)ဦး၊ ဒုတိယနှစ် (၅၉)ဦး၊ တတိယနှစ် (၃၉) ဦးစုစုပေါင်း(၁၄၉)ဦးတက် ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါး၊ လူကုန်ကူးအသိပညာပေး ဗီနိုင်းပို့စတာများအား ပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရှိရသည်။
တွံတေးသား