မှော်ဘီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ပေးအပ်

မှော်ဘီ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ပေးအပ်ပွဲကို ယနေ့ (၂၁)ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်၊ ဓမ္မာရုံကျောင်းကြီး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်ဦးဆောင်၍ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင်ငွေကျပ်နှစ်သောင်း ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပြည်သူများနေသော ရပ်ကွက်များသို့ အဖွဲ့(၅)ဖွဲ့ခွဲ၍ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ ဘွတ်ကြီးကျေးရွာ၊ ညောင်နှစ်ပင်၊ ဘိုးဒေါနကုန်း၊ ဝါးနက်ချောင်း၊ လက်ပံတန်းစု၊ ဘန့်ဘွေးကုန်း၊ အင်ကြင်းကုန်း၊ မြောင်းတကာ၊ ညောင်ကုန်း အစရှိသော ကျေးရွာများသို့ အဖွဲ့ခွဲကာ သွားရောက်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးခင်ဦး၊ မြို့နယ်သစ်တောဦးစီး ဦးသန့်ဇင်ကျော်၊ မြို့နယ်ထွေအုပ်ဒုဦးစီး ဒေါ်သဲနု၊ မှော်ဘီမြို့နယ်​(ပြန်/ဆက်)ဒုဦးစီး ဒေါ်လှလှထွေးနှင့် မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မှော်ဘီမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် အိမ်ထောင်စု (၃၇၆)စု ဝန်ထမ်းနှင့်ပြည်သူ(၁၂၁၅)ဦး စုစုပေါင်း (၁၅၉၁)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၁၈၂၀၀၀၀)ကို ဌာနဆိုင်ရာများပါဝင်သော အဖွဲ့(၅)ဖွဲ့တို့ဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝင်းဇော်(ပြန်/ဆက်)