ဟုမ္မလင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေနှင့်စပ်လျဥ်း၍ အသိပညာပေး ဟောပြောပွဲကျင်းပ

ဟုမ္မလင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပေဒေနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့နယ်၌ အခြေခံပညာကျောင်းများတွင် အတန်းတင်စာမေးပွဲ စတင်‌ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှစ၍ အတန်းတင်စာမေးပွဲကို အခြေခံပညာကျောင်းပေါင်း (၉၁)ကျောင်း ဖြေဆိုလျက်ရှိရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများက အတန်းတင်စာမေးပွဲကိုလည်းကောင်း၊ Grade12 များက အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်မှုစာမေးပွဲကိုလည်းကောင်း စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဗဟန်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ ပြောင်း ရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝးခန်းမ၌ ပြုလုပ်သည်။

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက် နိုင်ရန်မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု အိမ်မဲ-ကျောင်းကုန်းကားလမ်းဘေးရှိ ဝိုင်းဝိုင်းစက်သုံးဆီအရောင်းဆိုင်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

အိမ်မဲမြို့နယ် တကောကျေးရွာမှဆောင်းနေကြာ (၅)ဧက စံပြစိုက်ခင်းအောင်မြင်ဖြစ်ထွန်းလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ တကောကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ် သမဝါယမအသင်းစုမှ စားသုံးဆီဖူလုံစေရေးအတွက်ရည်ရွယ်ပြီး ဆောင်းနေကြာ (၅)ဧက စံပြစိုက်ခင်း စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ် အိမ်မဲ ဖေဖော်ဝါရီ ၂၂ မြို့နယ် (ပြန်/ဆက်)

ဓနုဖြူမြို့နယ်၌ လေပြင်းဘေး ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက လက်ပံချောင်းကျေးရွာနှင့် သပြုကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။

မြန်အောင်မြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသား သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရောက်ရှိနေသည့် ယာယီနေရပ် စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန် ပုံငွေမှထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to