မော်လိုက်မြို့၌ မီးဘေးအန္တရာယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

မော်လိုက် ဖေဖော်ဝါရီလ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီလ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးရဲမင်းဇော်တို့က လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဌေးက မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် ငြိမ်းသတ်ပုံများကို ရှင်းလင်းပြောကြားသရုပ်ပြခဲ့ပြီး ဈေးသူဈေးသားများက မီးငြမ်းသတ်သရုပ်ပြ ဇတ်တိုက်လေ့ကျင့်ခဲ့ကြသည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မြို့မဈေးအတွင်း မီးလောင်မှုမဖြစ်ပွားစေရန် မီးသတ်ပိုက်များဖြင့် ရေဖြန်းခြင်း ဇတ်တိုက်လေ့ကျင့်ခဲ့သည်။

မော်လိုက်မြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပအောင် အရှိန်အဟုန်ဖြင့်   အကောင်အထည်ဖော်ဆောင်ရွက်နေချိန်တွင် အဖွဲ့ပိုင်မြို့မဈေး၊ ဈေးအဆောက်အဦးများ မီးလောင်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်ထားရှိရခြင်းဖြစ်ပါကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းထံမှ သိရသည်။

ကိုထက်(ပြန်/ဆက်)