မြောက်ဥက္ကလာပမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာနေရသူများအား ထောက်ပံ့ငွေပေးအပ်

မြောက်ဥက္ကလာ  ဖေဖော်ဝါရီ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ် များကြောင့်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို  ယမန်နေ့ နံနက် ၉ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်း အဝေးခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်လောဟာနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စစ်ဘေးရှောင်ပြည်သူများ တက်ရောက်ကြပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း  ရပ်ကွက်(၁၉)ခုရှိ  စစ်ဘေးရှောင်အိမ် ထောင်စု ၃၇၃ စုရှိ  လူဦးရေ  ၁၂၉၁ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ငွေကျပ် ၂၅,၈၂၀,၀၀၀ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းသိရသည်။ ထို့သို့ထောက်ပံ့ပေးရာတွင် ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီ  ၂၁ ရက်နေ့  နံနက်ပိုင်းက ရပ်ကွက် ၈ ခုရှိ အိမ်ထောင်စု ၂၀၁ စု၊ လူဦးရေ ၆၄၆ ဦး  အား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းကျပ်ဖြင့်  ငွေကျပ် ၁၂,၉၂၀,၀၀၀ အား လက်၀ယ်အရောက်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကျန်ရှိရပ်ကွက်များကိုလည်း သတ်မှတ်‌နေ့ရက်များတွင် ထောက်ပံ့ငွေများအား အသီးသီးဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)