ဝန်းသိုမြို့၊ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲဖြေဆို

ဝန်းသို ဖေဖော်ဝါရီ ၂၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ(ကျောင်းတွင်းစစ်)နှစ်ဆုံးစာမေးပွဲကို နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများအလိုက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်မှ စတင် ကျင်းပလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ဝန်းသိုမြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၀)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ယနေ့တွင် မူလတန်းအဆင့်(Grade-5)မပါဝင်ဘဲ ကျောင်းသား၊ ကျောင်းသူ (၉၉၁) ဦး၊ အလယ်တန်းအဆင့် (Grade-9)မပါဝင်ဘဲ ကျောင်းသား၊ ကျောင်းသူ (၂၇၁) ဦးနှင့် အထက်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ (၂၄၅) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၅၀၇) ဦးတို့က ဘာသာရပ်အလိုက် နှစ်ဆုံးစာမေးပွဲကို ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါစာမေးပွဲကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုအောင်မြင်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)